နိုင်ငံပိုင်မီဒီယာတွေကနေ အစိုးရနဲ့ မူဝါဒ မတူသူတွေရဲ့အမြင်တွေကို ဖော်ပြပေးသွားမယ်

0
305

နိုင်ငံပိုင်မီဒီယာတွေကနေ အစိုးရနဲ့ မူဝါဒ မတူသူတွေရဲ့အမြင်တွေကို ဖော်ပြပေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။

01-1-1

မေလ ၁၄ ရက်နေ့က ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့မီဒီယာ မူဝါဒဆိုင်ရာ (Policy Dialogue)ခေါင်း စဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အခမ်းအနားမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားတဲ့နေရာမှာတော့  အစိုးရအနေနဲ့ နေ့စဉ်သတင်းအချက်အလက်တွေကို တဖက်သတ် ပေးဝေနေတဲ့ ပုံစံမျိုးမဟုတ်ပဲ ပြည်သူတွေရဲ့ လိုလားချက်၊ မလိုလားချက်တွေကို အစိုးရနဲ့ ပြည်သူတွေအကြား ဆက်သွယ်တဲ့ လမ်းကြောင်းတစ်ခု အနေနဲ့ အသုံးပြုသွား မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)