ဘာပေးနိုင်မလဲဆိုတဲ့အပေါ်အခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး

0
324

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေအနေနဲ့ ဘာလိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုတွေအစား၊ ဘာ ပေးနိုင် မလဲဆိုတဲ့ ကမ်းလှမ်းချက်ကို အခြေခံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

13239187_811142352353316_5188666414602229977_n

မေလ (၁၆) ရက်နေ့က နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို သတိပေးပြောကြားလိုက်တာပါ။ အဲ့ဒီ အစည်းအဝေးမှာပဲ နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြို ပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေကို တစ်ပတ်အတွင်း ဖွဲ့စည်းဆောင်ရွက် ဖို့ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)