မီးငြိမ်းသတ်ရာမှာ မောင်းသူမဲ့ Drone တွေကို အသုံးပြုဆောင်ရွက်သွားမယ်

0
349

မီးငြိမ်းသတ်ရာမှာ မောင်းသူမဲ့ Drone  တွေကို အသုံးပြုဆောင်ရွက်သွားမယ်လို့ မောင်းသူမဲ့ လေယာဉ် သုတေသနဌာနက ဒုတိယပါမောက္ခ ဒေါက်တာသဲမောင်မောင်က ပြောကြား လိုက်ပါတယ်။

12027652_1657540547820489_236951720369990661_n
ဒရုန်းဝါသနာရှင် ကောင်းကောင်း ရိုက်ကူးထားသော ဘုရင့်နောင်လမ်းဆုံးအား ဝေဟင်မှ မြင်ရစဉ်

မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာနနဲ့မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး အဲ့ဒီလို အသုံးသွားဖို့ရှိနေတာပါ။ မောင်းသူမဲ့ Drone တွေကို မီးလောင်တဲ့နေရာတွေ အသုံးပြုပြီး မီးလောင်ပြင် မြင်ကွင်းကို မြင်တွေ့နိုင်တာ၊ အချိန်တိုအတွင်းမီးငြိမ်း သတ်နိုင်ဖို့ မီးသတ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်နိုင်မဲ့လမ်းကြောင်းတွေကို ရှာဖွေပေး နိုင်တာ၊ မီးလောင်မှုအခြေအနေတွေကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ တိုက်ရိုက်ကွပ်ကဲနိုင်တာ စတဲ့ ကျိုးကျေးဇူးတွေကို ရရှိလာစေမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)