ကွမ်းယာဆိုင်တွေကို အတင်းအဓမ္မပိတ်သိမ်းခိုင်းတာတွေ မပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား

0
329

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကွမ်းယာဆိုင်တွေကို အတင်းအဓမ္မပိတ်သိမ်းခိုင်းတာတွေ မပြုလုပ်ဖို့အတွက် ဇွန်လ ၁၄ရက်ျေန့က  ပြည်နယ် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို ညွန်ကြားချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီညွန်ကြားချက်မှာ ကွမ်းစားတာကြောင့် ပြည်သူ တရပ်လုံးအနေနဲ့ကောင်းကျိုးထက် ဆိုးကျိုးတွေသာရရှိခဲ့ကြောင်း၊ ကွမ်းစားသုံးမှုကျဆင်းရေးကို အမြန်ဆုံးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အဲဒီလို ဆောင်ရွက်ရာမှာ ကွမ်းယာဆိုင်တွေကို အတင်းအဓမ္မပိတ်ခိုင်း တာတွေ    ဥပဒေထက်ကျော်လွန်ပြီး ပြုမူလုပ်ဆောင်တာတွေ မလုပ်ဖို့ အဲဒီညွန်ကြားချက်မှာ ပါရှိခဲ့ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ ပူးပေါင်းပါဝင်ရေးကို ပညာပေးစည်းရုံးရမှာဖြစ်ကြောင်း ညွန်ကြားချက်မှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)