မြို့နယ် လေးမြို့နယ်ကို လုံခြုံရေးအင်အား အလုံးအရင်းနဲ့ ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်

0
346

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှာရှိတဲ့ မြို့နယ်လေးခုကို မှုခင်းကျဆင်းရေး အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းအသုံးပြုကာ ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေ ပြုသွားမှာဖြစ်ပါတယ်။

ဇွန်လ ၁၄ရက်နေ့က စတင်ကာ ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှုးကြီးတင် အောင်ထွန်းကပြောကြားလိုက်ပါတယ်။

ရွေးချယ်ထားတဲ့ မြို့နယ်လေးခုမှာ လှိုင်သာယာ၊ ကမာရွတ်၊တောင်ဒဂုံနဲ့ သန်လျှင်မြို့နယ်တွေဖြစ်ကြပါတယ်။ အဲဒီမြို့နယ်တွေကိုညနေ၆နာရီ ကစတင်ပြီး ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးအပါအဝင် အခြားဒုစရိုက် လုပ်ငန်းတွေ ကိုပါ စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှုးကြီးတင်အောင်ထွန်းက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)