အော်လန်းဒို အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ မောင်းပြန်သေနတ် ပိတ်ပင်ရေး ပြုလုပ်ဖို့ အိုဘားမား တိုက်တွန်း

0
314

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူပေါင်း ၅၀ သေဆုံးခဲ့တဲ့ အော်လန်ဒိုမြို့ အကြမ်းဖက်တိုက်ခိုက်မှုလို တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ မောင်းပြန်သေနတ် ပိတ်ပင်ရေးတွေ ပြုလုပ်ဖို့ လွှတ်တော်ကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားလုံခြုံရေး ကောင်စီနဲ့ တွေ့ဆုံမှုအပြီး အမေရိကန် အိမ်ဖြူတော်မှာပြောကြားတဲ့ မိန့်ခွန်းမှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့် ရဲ့အဲဒီ တိုက်ခိုက်မှုကို တုံ့ပြန်ပြီး အမေရိကန်ကို မွတ်ဆလင်တွေ ၀င်ရောက်ခွင့်ကို ပိတ်ပင်မယ် ဆိုတဲ့ အပေါ် အိုဘားမားက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တဲ့ အော်လန်းဒိုတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အိုမာမက်တင်းဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့အပေါ် ဘာသက်သေအထောက်အထားမှ မရှိဘူးလို့ အိုဘားမားကပြောပါတယ်။

လက်ရှိအချိန်ထိ အော်လန်ဒိုး တိုက်ခိုက်မှုကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့တစ်ခုခုကညွှန်ကြားခဲ့တယ် ဆိုတဲ့ သတင်းအချက်အလက် မရှိသေးပါဘူး သူဟာ အင်တာနက်ပေါ်ကနေ အစွန်းရောက် အမြင်တွေကို ရယူခဲ့တယ်ဆိုတာ ထင်ရှားပါတယ် မက်တင်းဟာ အစွန်းရောက်သွားတဲ့ စိတ်ဆိုး၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မတည်ငြိမ်တဲ့ လူငယ်တယောက် ဖြစ်တယ်လို့ အိုဘားမားက ဆက်ပြောပါတယ်။

ဥပဒေစိုးမိုးရေး လုပ်ဆောင်သူတွေအနေနဲ့ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ ကြိုးစားနေပေမဲ့ San Nernardino နဲ့ အခု အော်လန်ဒိုမှာ ဖြစ်ခဲ့သလို တယောက်တည်းက ကြံစည်လုပ်ဆောင်တာမျိုးကို ကာကွယ်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သက်တမ်းကုန်သွားတဲ့ မောင်းပြန်သေနတ် ပိတ်ပင်မှုကို ပြန်လည် ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို သမ္မတက တိုက်တွန်းခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)