မွန်ဂိုလီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယားသမ္မတ ဖိတ်ကြား

0
344

မြန်မာနိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ မွန်ဂိုလီးယားနိုင်ငံ သမ္မတက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်မှာ တွေ့ဆုံစဉ် အခုလိုဖိတ်ကြားခဲ့တာပါ။ ဒါ့အပြင် မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ ထပ်မံဖိတ်ကြားခဲ့ပါတယ်။ အဲဒီနောက် မွန်ဂိုလီးယားသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ သယံဇာတနှင့် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ဒီမိုကရေစီ အစဉ်အလာကောင်းနှင့် တာဝန်သိ တာဝန်ကျေပွန်သော မီဒီယာများ၏ အခန်းကဏ္ဍတို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)