မန္တလေး အလင်းသတင်းစာက ဖော်ပြခဲ့သော သတင်းနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းပေးရန် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ တောင်းဆို

0
347

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ထုတ် မန္တလေးအလင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းပေးဖို့ တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့က မန္တလေးသတင်းစာကို အကြောင်းကြားတောင်းဆိုလိုက်ပါတယ်။

TNLA က ရှမ်းလူမျိုးများအား တိုက်ခိုက်ရမည်ဟု စာရွက်စာတမ်းများဖြန့်ဝေဆိုတဲ့သတင်းကို မန္တလေးအလင်းသတင်းစာက ဖော်ပြခဲ့ပြီး အဲဒီသတင်းဟာ မှန်ကန်မှုမရှိဘဲ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့တယ်ဆိုပါက အဲဒီစာရွက်စာတမ်းတွေကို သက်သေအဖြစ်ထုတ်ပြန်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဟာမိတ်တပ်ဖြစ်တဲ့ SSPP/SSA နဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတာလည်း မဟုတ်မမှန်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း သွေးကွဲစေတယ်လို့ အကြောင်းကြားစာမှာဖော်ပြထားပါတယ်။ TNLA အဖွဲ့ရဲ့ ပြန်ကြားရေးဌာနကို မန္တလေးအလင်းသတင်းထောက် နေသူရိန်လင်းက အဖွဲ့နှစ်ခုကြားတိုက်ပွဲဖြစ်မဖြစ် သုံးကြိမ်တိုင်တိုင် သတင်းမေးခဲ့ပြီး တိုက်ပွဲမဖြစ်ပွားကြောင်း အကြိမ်တိုင်းပြန်လည်ဖြေဆိုခဲ့ပေမယ့် သတင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)