လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ Twilight Over Burma ရုပ်ရှင်ကား အွန်လိုင်းတွင် ကြည့်ရှုသူ များပြားလာ

0
376

ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ ကျင်းပတဲ့ လူအခွင့်ရေးနှင့်လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ Twilight over Burma ဇာတ်ကား အွန်လိုင်းမှာ ကြည့်ရှုသူများပြားလာပါတယ်။

ဒီဇာတ်ကားကို ရုပ်ရှင်ပွဲတော် ပြသမယ်လို့ကြေညာထားခဲ့ပေမယ့် ပွဲကျင်းပရန် ၁၀ မိနစ်လောက်အလိုမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တပ်မတော်ရဲ့ပုံရိပ်ကို ကျဆင်းစေတာကြောင့် ပြသခွင့်ပိတ်ပင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ရှမ်းပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ရှမ်းစော်ဘွားကတော်ဖြစ်တဲ့ သြစတြေးလျသူတစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ စစ်တပ်ကဖမ်းဆီးခေါ်ဆောင်ပြီး ပျောက်ဆုံးသွားတဲ့ ရှမ်းစော်ဘွားကို ဇနီးဖြစ်သူ သြစတြေးလျသူက ဗိုလ်ချုပ်နေ၀င်းကို သွားရောက်မေးမြန်းအခါ မည်သို့မျှ အဖြေမပေးဘဲ ရှောင်ထွက်သွားတဲ့အခန်းတွေလည်း ပါဝင်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစဉ်ထားပြီး ပြသနိုင်ခဲ့ခြင်းမရှိတဲ့အတွက် တောင်းပန်ပါကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)