နယ်စပ်ကုန်သွယ်ရေးဂိတ်က တရားမ၀င်တင်သွင်းနေတဲ့ တရုတ်မုန့်တွေကိုမတားဆီးနိုင်တာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့တာဝန်ပဲဖြစ်

0
359

နယ်စပ်ကုန်သွယ်ရေးဂိတ်က တရားမ၀င်တင်သွင်းနေတဲ့ တရုတ်မုန့်တွေကိုမတားဆီးနိုင်တာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့တာဝန်ပဲဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ပြည်တွင်းဈေးကွက်ထဲကို တရားမ၀င် တင်သွင်းလာတဲ့ တရုတ်မုန့်တွေ မစားသုံးဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပညာပေးလုပ်ငန်းတွေလုပ်ကိုင်နေပေမယ့် ထိရောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
ရန်ကုန်မြို့အပါဝအ၀င် တခြားနယ်မြို့တွေက မုန့်ဈေးဆိုင်လေးတွေမှာ စားသုံးဖို့မသင့်လျော်တဲ့ တရုတ်မုန့်တွေနဲ့ပတ်သက်ပြီး MCN သတင်းဌာနက တွေ့ဆုံစဉ်မေးမြန်စဉ် ဦးဗအုပ်ခိုင်က အခုလို ပြောကြားခဲ့တာပါ။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်မုန့်တွေနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ ကြာမြင့်နေပြီ ဖြစ်ပေမယ့် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ထိထိရောက်ရောက် မစစ်ဆေးနိုင်တဲ့အတွက် လက်ရှိအချိန်ထိ ပြည်တွင်းဈေးကွက်မှာ တရုတ်မုန့်မျိုးစုံကို ရောင်းချလျက်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တရားဝင် ၀င်ရောက်နေတဲ့ တရုတ်မုန့်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲတွေမပါရှိတာတွေ အပြင် တာရှည်ခံဆေးဝါးတွေပါဝင်တာကြောင့် စားသုံးသူကလေးငယ်တွေ အန္တရာယ်ဖြစ်စေ နိုင်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ရန်ကုန် အပါအ၀င် ပြည်နယ်နဲ့ တိုင်းတွေမှာ ရုံးခွဲပေါင်း ၈ခု ဖွင့်လှစ်ထားပြီး စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)