ဆူဒိုအက်ဖီတမင်း သယ်ဆောင်လာတဲ့ မော်တော်ယာဉ် ဖမ်းဆီးမိရာမှ မူးယစ်ဆေးဝါး သိမ်းဆည်းထားသူတွေ ဆက်လက်ဖော်ထုတ်

0
382

မုံရွာ-မန္တလေး ကားလမ်းမပေါ်က ကံတလူတိုးဂိတ်အနီးမှာ ဆူဒိုအက်ဖီတမင်း သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ဖမ်းဆီးမိရာကနေ မန္တလေးမြို့တွင်းက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းထားသူတွေကို နောက်ဆက်တွဲအနေနဲ့ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။

13467564_1772198223014770_1586876369_o

မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ရက် (၁၀၀) စီမံချက်ထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ မန္တလေးတိုင်းဒေသအတွင်း ရာဇ၀တ်မှုပပျောက်ရေး ကဏ္ဍကို အကောင်အထည်ဖော်ဆောက်ရွက်နေရာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ် အနီး မုံရွာ – မန္တလေးကားလမ်း ကို ခရိုင်ရဲတပ်ဖွဲ့မှူး မြို့နယ်ရဲတပ်ဖွဲ့မှူးတွေရဲ့ ကြီးကြပ်မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားယာဉ်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ ဒီလိုစစ်ဆေးမှုတွေပြုလုပ်ရာကနေ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးချတဲ့ ဓါတုဆေးဝါးဖြစ်တဲ့ ဆူဒိုအက်ဖီတမင်းဆေးမှုန့်တွေသယ်ဆောင်လာတဲ့ ခဲရောင် MARK II ကားကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

13443991_1772198253014767_497681139_n

ယာဉ်မောင်းသူ စိုးဦး ဆိုသူနဲ့ ယာဉ်ပိုင်ရှင် ထက်နေဇင် (ခေါ်) လုံးလုံးတို့ဟာ အက်ဖဒရင်း ၄.၅ ကီလိုဂရမ် ၁၃ ထုတ်၊ ၃ ကီလိုဂရမ် ၁ ထုတ် စုစုပေင်း ၁၄ထုတ်ကိုသယ်ဆောင်လာတာဖြစ်ပြီး သူတို့နှစ်ဦးဟာ တမူး-ကလေး ကနေ မန္တလေးမြို့ကို မောင်းနှင်လာကြတာဖြစ်ပါတယ်။

13453010_1772201656347760_2113118785_o

အခုလို ဖမ်းဆီးရရှိမှုကနေ နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်ရာမှာတော့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက စိတ်ကြွရူးသွပ်ဆေးပြား နဲ့ အက်ဖီတမင်းဆေးမှုန့်တွေ သိမ်းဆည်းသိုလှောင်ထားသူတွေကို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)