မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အမေရိကန်က စီစဉ်နေ

0
340

မေလ ၂၀ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် သုံးသပ်ဖို့ အမေရိကန်က စီစဉ်နေပါတယ်။

ButINhQIYAEAh8Y.jpg large

နောက်ပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးတက်ဖို့အတွက် ကူညီပေးဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

အမေရိကန် ဘဏ္ဍရေးဌာနက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုမှာ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံသူတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေအပါအ၀င် တသီးပုဂ္ဂလနဲ့ စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော်ကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု စတင်ပြီးတဲ့နောက် အမေရိကန်အနေနဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးအရေးယူမှုတွေကို တဖြည်းဖြည်း ဖြေလျော့ပေးလာခဲ့တာဖြစ်ပါတယ်။
ဒီတကြိမ်မှာတော့ ကုမ္ပဏီတချို့ကို အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တချို့ကိုလည်း ပိတ်ဆို့အရေးယူမှုကနေ ပယ်ဖျက်နိုင်ဖွယ်ရှိတယ်လို့ လည်းဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို သက်တမ်းထပ်တိုးဖို့အတွက် အမေရိကန် ဥပဒေပြုအမတ်တွေက တောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)