အမေရိကန်မှာ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တစ်ဦး ပြုတ်ကျပျောက်ဆုံး

0
335

Carnival ပင်လယ်သင်္ဘောလိုင်းက ခရီးသည်တစ်ဦးဟာ တက္ကဆက်ပြည်နယ် Galveston မြို့ကမ်းခြေကနေ ၁၉၅ မိုင်အရောက်မှာ ပျောက်ဆုံးသွားတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ Miami အခြေစိုက် ပင်လယ်ပျော်သင်္ဘောလိုင်းက မနေ့ကညနေပိုင်းက ကြေညာခဲ့ပါတယ်။

abc_carnival_dc_160514_12x5_1600

Samantha Brogerg လို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမပျောက်ဆုံးသွားတယ်ဆိုတာကို သူ့ရဲ့ ခရီးသွားဖော်က အသိပေးခဲ့တာဖြစ်ပါတယ်။ သတင်းရပြီးပြီးချင်းပဲ သင်္ဘောပေါ်က အခန်းတိုင်းကို ၀န်ထမ်းတွေက လိုက်ရှာခဲ့ပါတယ်။ ဒါပေမယ့် ရှာမတွေ့ခဲ့ဘဲ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးဟာ ပင်လယ်ထဲကို မွန်းလွဲ ၂ နာရီလောက်က ပြုတ်ကျသွားခဲ့တာကို သင်္ဘောပေါ်မှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာကနေတစ်ဆင့် တွေ့မြင်ခဲ့ရပါတယ်။ ကမ်းခြေစောင့်တပ်သားတွေဟာ ပျောက်ဆုံးသွားသူကို အပူတပြင်းရှာဖွေနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)