နိုင်ငံအတွက်ဝင်ငွေရှာရာမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်သတိပြုရမယ်လို့ ပြည်ထောင်စုဝန်ကြီးဆို

0
339

သထ္ထုတွင်းဌာနနဲ့ သစ်တောဦးစီးဌာနတွေ အနေနဲ့ နိုင်ငံအတွက် ဝင်ငွေရှာရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက် အောင် သတိပြု ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်က ရန်ကုန်မြို့ ကြို့ကုန်းမြို့နယ် တော်ဝင်ခန်းမမှာပြုလုပ်တဲ့ သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
ဒီဆွေးနွေးပွဲကို မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်နေတာဖြစ်ပြီး သတ္တုတွင်းဌာန နဲ့ သစ်တောဦးစီးဌာန က တာဝန်ရှိသူတွေ ၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်း စတဲ့ အဖွဲ့အစည်းတွေပါဝင်ဆွေးနွေးနေကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)