မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆို

0
328

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့ တိုင်းပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

13244628_1222770367757449_8725306534005064551_n

မေလ (၁၃)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ပြောကြားသွားတာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်မှာ ဘင်္ဂါလီတော့ရှိကြောင်း၊ ဘင်္ဂါလီဆိုသည်မှာလည်း ဘင်္ဂလားဒေသက လူတွေကိုခေါ်ခြင်းဖြစ်ကြောင်း၊ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးနောက်ပိုင်း ရခိုင်ဒေသ အင်္ဂလိပ်ကိုလိုနီဖြစ်သွားချိန်မှာ အရှေ့ဘင်္ဂလားကလူတွေကို အကြောင်းအမျိုးမျိုးနဲ့ ခေါ်လာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုက်တာပါ။ ယင်းတို့ကတဖြည်းဖြည်းနဲ့များလာကြပြီး ဘင်္ဂါလီလို့ ခေါ်ကြကြောင်း၊ ၁၉၅၅ ခုနှစ်ခန့်က ဦးနုတို့ခေတ်မဲရရှိဖို့အတွက် ရိုဟင်ဂျာဟုခေါ်ခြင်း ဖြစ်ပြီး တကယ်တမ်းတရားမ၀င်ကြောင်း၊ ရိုဟင်ဂျာကိုလက်မခံကြောင်းနဲ့ ရှိလည်းမရှိပါဘူးဟု ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)