အရေးယူမယ်ပြောထားပေမယ့် နေပြည်တော်ထိ ဆက်လက်ချီတက်မယ်လို့ ချီတက်ဆန္ဒပြနေသော အလုပ်သမားများဆို

0
352

ဥပဒေမဲ့အလုပ်ထုတ်ခံရတာကြောင့် ပြည်ထောင်စုအစိုးရ ဗဟိုရုံးစိုက်ရာ နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့အနေနဲ့ အရေးယူမယ်ပြောထားပေမယ့် ဆက်လက်ချီတက်ဆန္ဒပြသွားမှာဖြစ်ပါတယ်။

13221108_275153349496214_5634464545505932110_n

အစိုးရက မနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောကြားတာနဲ့ပတ်သက်ပြီး မေးမြန်းစဉ် သူတို့က အဲဒီလိုပြောကြားလိုက်တာပါ။

တရားဥပဒေစိုးမိုးရေးအတွက် ကျွန်တော်တို့ ရင်ဆိုင်ရဲတယ်။ အရေးကြီးတာက ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်ကို အရေးမယူဘဲ ကျုပ်တို့ရဲ့ အလုပ်သမား တွေကို အရေးယူမယ်ပြောနေတာဟာ တစ်ဖက်သတ် ဖိနှိပ်မှုပဲလို့ ဆန္ဒပြသူတစ်ဦးက ဆိုပါတယ်။

လက်ရှိသပိတ်စစ်ကြောင်းမှာ ဆန္ဒပြသူ(၃)ဦးကို ကျန်းမာရေးဆိုးရွားလာတာကြောင့် ဆေးခန်းပြသထားပြီး အခုအချိန်ထိ သက်သာမှုမရှိသေးပါဘူး။

ချီတက်ရာလမ်းတစ်လျှောက် တားဆီးပိတ်ပင်ခဲ့တာတွေ မရှိဘဲ အာဏာပိုင်တွေရဲ့ လှုပ်ရှားမှုလည်း မတွေ့ရဘူးလို့ဆိုပါတယ်။

အစိုးရအာဏာပိုင်တွေ့ကတော့ အလုပ်သမားတွေကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆက်လက်ချီတက်ဆန္ဒပြနေမယ်ရင် သက်ဆိုင်ရာ အရေးယူတာတွေပြုလုပ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)