နေမျိုးဝေကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်

0
382

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ဒုတိယ အတွင်းရေး မှူးဖြစ်တဲ့ ဦးဘိုကြည်ကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်မှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းချက်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

ဦးနေမျိုးဝေကို နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အသရေပျက်စေတဲ့ ဓာတ်ပုံတွေနဲ့အတူ ပြည်ထောင်စုပြိုကွဲရေး လှုံ့ဆော်ရေးသားမှု စတဲ့ အချက်တွေနဲ့ ကန်ကြီးထောင့်မြို့၊ မြို့မ ရဲစခန်းက မေလ ၄ ရက်မှာ စတင်ဖမ်းဆီးလိုက်တာပါ။

လက်ရှိအခြေအနေမှာတော့ သူ့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူ စစ်ဆေးမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)