ထိုင်းနိုင်ငံမှာနှိပ်စက်ခံရတဲ့ မြန်မာနှစ်ဦးအား မြန်မာသံရုံးက ကူညီစောင့်ရှောက်

0
352

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းဆောင်မှာ နေထိုင်တဲ့ မြန်မာအလုပ်သမားနှစ်ဦးကို အခန်းရှင်နဲ့ အခြားထိုင်းလူမိုက်တစ်ဦး ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။

35325A5A-F442-40F6-9A0C-874BB7D85F1B_mw1024_s_n

ဒါ့အပြင် မြန်မာအလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေကိုလည်း သိမ်းယူခဲ့ပြီး ဘတ်ငွေတစ်ထောင်နဲ့ လာရောက်ရွေးယူဖို့ စေခိုင်းခဲ့ပါတယ်။
ဒီအကြောင်းကို ထိုင်းနိုင်ငံက မြန်မာသံရုံးကို တိုင်ကြားခဲ့ပါတယ်။ သံရုံးက အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့က ကူညီမှုနဲ့ တရားခံတစ်ဦးကို ဖမ်းမိခဲ့ပြီး ပတ်စ်ပို့နဲ့ အခန်းငှားဖို့တင်ထားတဲ့ စပေါ်ငွေတွေလည်း ပြန်လည်ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)