ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးမှတ်တမ်းဓာတ်ပုံတွေ ပြသ

0
355

လူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ အတွင်း ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်မြို့ န၀ဒေးလမ်းမှာရှိတဲ့ Think Art ပြခန်းမှာ ပြသနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဝေယံဟိန်း က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်သူလူထုတွေရဲ့ သမိုင်ဝင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဟောပြောစည်းရုံးခဲ့တဲ့ ခရီစဉ်တွေမှာ ဓာတ်ပုံသတင်းထောက် စောဖိုးခွား ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံ ၇၀ ကျော်ကို မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ပြသနေတာပါ။

ဒီပြပွဲကနေ ဓာတ်ပုံတွေရောင်းချလို့ရရှိတဲ့ ငွေကြေးတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနေရာအနှံအပြားက သောက်သုံးရေရှားပါးတဲ့ ဒေသတွေကို စက်ရေတွင်းတွေ တူဖော်လှူဒါန်းနိုင်ဖို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ပြသထားတဲ့ ဓာတ်ပုံအများစုဟာ အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ ပြန့်နှံပြီးသားပုံတွေ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြန်လည် ပြသထားတာလို့ ပြောပါတယ်။

ပြသထားတဲ့ ဓာတ်ပုံတွေကို ဈေးနှုန်း ကျပ် ၁ သိန်း၊ ကျပ် ၇ သောင်းနဲ့ ကျပ် ၅ သောင်း အစားစား သတ်မှတ်ထားပြီး အခုလက်ရှိအချိန်ထိ ဓာတ်ပုံ (၂၀) ကျော်ရောင်းထားပြီး ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)