ဝင်ငွေရှာနိုင်တဲ့ဝန်ကြီးဌာနတွေကိုသာ ဘဏ္ဍာငွေပိုပေးတဲ့စနစ်အား ပြောင်းလဲဖို့လိုနေတယ်လို့ ၀န်ကြီးချုပ်ပြောဆို

0
339

ဝန်ကြီးဌာနတွေကို ဘဏ္ဍာငွေခွဲဝေချထားတဲ့နေရာမှာ ၀င်ငွေရှာနိုင်တဲ့ ၀န်ကြီးဌာနတွေကိုသာ ဘဏ္ဍာငွေ ပိုမိုချထားပေးတဲ့စနစ်ကိုပြောင်းလဲဖို့လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး ပပျောက်ရေး ဆွေးနွေးပွဲမှာ ဘဏ္ဍာငွေခွဲဝေချထားပေးရေးနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါပြင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအတွက် ဘဏ္ဍာငွေပိုမိုသုံးစွဲဖို့ တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)