ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတဲ့အပေါ် အစိုးရက တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ဖြေရှင်းပေးဖို့ ဆန္ဒပြ

0
291

အမေရိကန်သံရုံးက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတဲ့အပေါ် အစိုးရက တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ဖြေရှင်းပေးဖို့ ၀ံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးဆောင်ပြီး မန္တလေးမြို့ ၁၉ လမ်း နန်းရှေ့အားကစားကွင်းကနေ ၂၄ လမ်းနဲ့ ၆၂ လမ်းအထိ ဒီနေ့ မေလ ၁၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒီဆန္ဒပြပွဲမှာ ဆရာတော် ဦးဝီရသူပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားခဲ့သလို တခြား မျိုးချစ်အဖွဲ့အစည်းတွေက ပေးပို့တဲ့ သ၀ဏ်လွှာ်တွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို သံဃာတော်တွေအပါအ၀င် လူဦးရေ ၅၀၀ လောက်က ချီတက်ဆန္ဒပြခဲ့ကြပြီး နေ့လည် ၁၂ နာရီမှာ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)