မီးရထားက ဆိုဖာထိုင်ခုံတွေကို မီးရထားရုံပိုင်က ဖြုတ်ခိုး

0
303

ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတဲ့ ရထားတစ်စီးပေါ်က ခရီးသည်ထိုင်ဆိုဖာခုံတွေကို ရုံပိုင်နဲ့ မီးရထားဝန်ထမ်းတွေက ခိုးဖြုတ်ယူခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

4a3334ac-c6d1-4912-ac62-67aa2379dc37

561d765f-b7a0-441b-8747-e9b0048075f6

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ကညွတ်ကွင်းမှာရပ်နားထားတဲ့ အဆန်တွဲပျက်ရထားပေါ်က ခရီးသည်ထိုင်ဆိုဖာခုံတွေကို ဒုရုံပိုင် ထက်မြက်နိုင်နဲ့ လမ်းခွဲကိုင်ဝန်ထမ်း နှစ်ဦးတို့က ခိုးဖြုတ်ယူခဲ့ကြတာဖြစ်ပါတယ်။ အဲဒီထိုင်ခုံတွေဟာ ကာလတန်ဖိုးကျပ် တစ်သိန်းကျော်ရှိပြီး အဲဒီဆိုဖာခုံတွေကို ဒုရုံပိုင်ရဲ့နေအိမ်အောက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တရားခံတွေ ဖမ်းမိထားပြီး တရားစွဲဆိုနိုင်အတွက်ဆောင်ရွက်လျက်ရှိပါတယ်။