MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ ဇူလိုင် (၁၃) ရက် ဗုဒ္ဓဟူးနေ့

0
336


MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ ၀ါဆိုလဆန်း (၉) ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာနိုင်ငံတော်အလံကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး တိုင်ဝက်လွှင့် ထူကြဖို့ နိုင်ငံတော်သမ္မတရုံးက အစိုးရဌာနအားလုံးကို ညွှန်ကြားထားတဲ့သတင်း။

၂။ နိုင်ငံတော်သံဃမဟာနယကအဖွဲ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် (လုံးဝ) ကန်ကွက်ကြောင်းကို ထုတ်ပြန်လိုက်တဲ့အကြောင်း။

၃။ နိုင်ငံတကာ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပြီးနောက် နိုင်ငံရဲ့ အချုပ်အခြာအတွက် လိုအပ်တဲ့ ကာကွယ်ရေးတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်တဲ့သတင်း စတဲ့သတင်းတွေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်း/ပြည်ပသတင်းတွေကိုလည်းတင်ဆက်ပေးသွားဦး မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)