အောင်မင်္ဂလာ အဝေးပြေးကားဝင်းက အာဏာပိုင်တွေကိုသာ အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြော

0
361


အောင်မင်္ဂလာအဝေးပြေးကားဝင်း တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြသွားမယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါ တယ်။ ဒီသတင်းကိုတော့MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူခေါ်ပွဲစားတွေကို အရေးမယူဘဲ ခွင့်ပြုထားတာကြောင့် အောင်မင်္ဂလာ အဝေးပြေးကားဝင်းက အာဏာပိုင်တွေကိုသာ အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင် ၀င်းက ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၁၂ရက်နေ့က အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာရှိတဲ့ ကုန်းလမ်းခရီးသည်ပို့ဆောင် ရေးလုပ်ငန်း ရှင်များအသင်းမှာ ကျင်းပတဲ့ ယာဉ်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးအောင်လှိုင်ဝင်းက အခုလို ပြောဆိုခဲ့တာပါ။

“အပြစ်ရှိတာက တာဝန်ရှိတဲ့သူများက အဲ့ဒီလူခေါ်ပွဲစားများကိုဖမ်းပါတယ်။ ပပျောက်အောင်တကယ်လုပ်တာ လည်း မဟုတ်ဘဲနဲ့ဖမ်းပါတယ်။ ဖမ်းပြီးတော့ ၃သောင်းပေးပေးပြီးတော့ ပြန်ပြန်လွှတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ အာဏာပိုင်အဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီလုပ်တာတွေကို အရေးယူဖို့ပဲရှိပါတယ်”လို့ မင်္ဂလာဒုံမြို့ နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
လူခေါ်ပွဲစားတွေကို ထိန်းချုပ်မှုအားနည်းတဲ့အတွက် ခရီးသည်တွေအနေနဲ့ စိတ်အနှောက်အယှက် ဖြစ်ရတဲ့ အပြင် ငွေကြေးပျောက်ရှမှုတွေဖြစ်ပေါ်နေတာပါ။ ဒါ့အပြင် အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းက ယာဉ်တွေ လည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
“တရားဝင် နှစ်စဉ်ကျေးကောက်ခံတဲ့အခါမှာ ၁။ ပြေစာမပေးဘူး။ အရင်တုန်းကလည်းမပေးဘူး။ အခုအချိန်ထိလည်း မပေးဘူး။ ဒါပေမယ့် သူပေးခဲ့တဲ့ ၂သင်းရှိတယ်။ Elite နဲ့ ရွှေစင်စကြာ ကျန်တဲ့သူတွေမပေးဘူး။ ဒါပေမယ့် သူကလူကြီးတွေကို ဖြေတဲ့အခါမှာ ပေးပါတယ်လို့ဖြေတယ်။ မပေးဘူး” လို့ ကုန်းလမ်းခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးစိုးသိန်း ကပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ ယာဉ်လိုင်းပေါင်း ၂၂၅ လိုင်းနီးပါးရှိနေပြီး ယာဉ်ဝင်ထွက်ခ နေ့စဉ် ကောက်ခံနေတာကိုလည်း ဖျက်သိမ်းပေးဖို့လည်း အဝေးပြေးယာဉ်ပိုင်ရှင်တွေက လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြ တောင်းဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)