ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်မလုပ်ဖို့ အင်္ဂလန် ပရိသတ်တွေကို ရွိုင်းဟော့ဒ်ဆန်နဲ့ ရွန်းနီ တောင်းပန်

0
332

အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်နဲ့ အသင်းခေါင်းဆောင် ရွန်းနီတို့ဟာ အင်္ဂလန်ပရိသတ်တွေကို ခိုက်ရန်မဖြစ်ပွားတော့ဖို့ တောင်းဆိုပြောကြားလိုက်ပါတယ်။

လက်ရှိပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ မှာ အင်္ဂလန်အသင်းနဲ့ ရုရှားအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တာက တခြားပရိသတ်တွေ ပေါ်ကို လွှမ်းမိုးခြိမ်းခြောက်မှုတစ်ခုဖြစ်နေသလို ဥရောပဘောလုံးအဖွဲ့ချုပ် ကလည်း အင်္ဂလန် နဲ့ ရုရှား ပရိသတ်တွေ ကို သတိပေးမှုတွေပြုလုပ်ထားရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်း နည်းပြ ရွိုင်းဟော့ဒ်ဆန်က အင်္ဂလန်အသင်းနည်းပြတစ်ယောက်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာကို အလွန်ကို စိုးရိမ်ပူပန်မိကြောင်း ၊ အင်္ဂလန်အသင်းအပေါ် အရေးယူမှုတွေဖြစ်လာနိုင်တာဟာ အသင်းအတွက် ဖိအားဖြစ်နေကြောင်း ၊ မိမိတို့ဟာ ပြိုင်ပွဲဝင်နိုင်ဖို့ အလွန်အမင်းကြိုးစားခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲမှာ ဆက်လက်ရှိနေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ ပရိသတ်တွေကို ခိုက်ရန်ဖြစ်ပွားတဲ့ ပြဿနာတွေကို ရှောင်ရှားပြီး ပွဲစဉ်တွေမှာ လာရောက်အားပေးဖို့ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်း အသင်းခေါင်းဆောင် ၀ိန်းရွန်းနီကလည်း ရုရှားနဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှုကိုကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသင်းရဲ့နောက်ထပ်ပွဲစဉ်တွေဟာ အရေးကြီးတာကြောင့် ကောင်းကောင်းမွန်မွန်နဲ့ ဆက်လက်အားပေးသွားကြဖို အင်္ဂလန်အသင်း ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဗီဒီယိုဖိုင်နဲ့ ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)