ရေးဆွဲပြီး စီးပွားရေး မူဝါဒသစ် ယခုလအတွင်း ပြည်သူလူထု သိရှိအောင် ထုတ်ပြန်ပေးသွားမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဆို

0
436

စီးပွားရေးမူဝါဒသစ် တစ်ရပ်ကို ရေးဆွဲပြီးဖြစ်တဲ့အတွက် ပြည်သူလူထု သိရှိနိုင်ဖို့ အခုလအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ (ဇွန်လ ၁၃ ရက်) ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းက ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်ရုံး (UMFCCI) မှာ ပို့ကုန်/သွင်း ကုန်လုပ်ငန်းရှင်များနှင့်ပထမဆုံး တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။

“ကျွန်တော်တို့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပေါ်လစီတစ်ခု ရေးဆွဲပြီးသွားပါပြီ။ မကြာမီ ပြည်သူလူထုကို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးဟာ ဒီစီးပွားရေးမူဝါဒသစ်ကြောင့် သိသိသာသာ ပြောင်းလဲ တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဥိးကျော်ဝင်းက ဆိုပါတယ်။ ၀န်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတာထက် ထောက်ပံ့ပေးမှုမျိုး ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)