မြန်မာနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး နိုင်ငံခြားကို တင်ပို့ရောင်းချမယ်

0
369

မြန်မာနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချတော့မှာဖြစ်ပြီး ဒီလိုတင်ပို့ရောင်းချရာမှာ မြွေဆိပ်ဖြေဆေးကို အရည်အသွေးကောင်းမွန်အောင်လုပ်ဖို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောလိုက်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့က သာယာဝတီမြို့မှာရှိတဲ့ အမှတ် (၃၄) အကြီးစားစက်ရုံကို လာရောက်စစ်ဆေးစဉ် ဒီလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ဒီနေ့ခေတ်မှာ ပုဂ္ဂလိကထုတ်ကုန်တွေနဲ့ အစိုးရထုတ်ကန်ုတွေ ဈေးကွက်ယှဉ်ပြိုင်ရောင်းချရတာကြောင့် ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့ ပြောဆိုခဲ့ပါတယ်။ ထုတ်ကုန်တွေ ဖြန့်ဖြူးနိုင်ဖို့ မားကတ်တင်းပြီး ဈေးကွက်သုတေသနတွေလည်း လုပ်ဖို့ မှာကြားခဲ့တာဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံတွေက တစ်နှစ်ကို မြွေဆိပ်ဖြေဆေး ၃၀၀၀၀ ခန့် ထုတ်လုပ်နေပြီး ရက် ၁၀၀ စီမံချက်အရ မြွေဆိပ်ဖြေဆေး ၈၀၀၀၀ ခန့်ထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)