ဦးလူမင်းကို ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့် မပြုကြောင်း ဆုံးဖြတ်

0
326

နုတ်ထွက်ခွင့်တောင်းထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကို ရာထူးက နုတ်ထွက်ခွင့်မပြုကြောင်း ဆုံးဖြတ်လိုက်ကြပါတယ်။ဇွန် ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ရုပ်ရှင်အစည်းအရုံးရဲ့အထူးအစည်းအဝေးက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို နာယကကြီးတွေနဲ့ ဦးစီးအမှုဆောင်တွေအားလုံးက ခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။ သင့်တော်တဲ့အချိန်ကာလ တစ်ခုမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး ဦးလူမင်းအနေနဲ့ အဲဒီရွေးကောက်ပွဲ ပြီးဆုံးချိန်ထိ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)