ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

0
283

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူနဲ့ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခတွေကို ကူညီထောက်ပံ့ရာမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနဲ့တူရကီ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကိုလည်း ရှာဖွေသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)