နိုက်ကလပ် ပစ်ခတ်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ပြောကြား

0
337

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံး လူစုလူဝေးလိုက် သေဆုံးမှုဖြစ်တဲ့ ဇွန်လ ၁၂ ရက် မနေ့က လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖရော်ရီဒါပြည်နယ် အော်လန်ဒိုးမြို့က Nightclub ပစ်ခတ်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကပြောပါတယ်။

 

အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဟာ လိင်တူချစ်သူ LGBT တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အဲဒီနေ့ညက ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့ရဲ့ Amaq သတင်း ဌာနက ကြေညာသွားတာပါ။ အဲ့ဒီနေရာဟာ လိင်တူချစ်သူတွေ သွားရောက်တတ်တဲ့ Pulse Nightclub (ပို့နိုက်ကလပ်) ဖြစ်ပြီး ပစ်ခတ်သူဟာ အသက် ၂၉ နှစ်အရွယ် အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား Omar Mateen ဆိုသူဖြစ်ပါတယ်။ အိုမာမက်တင်း ဟာ ပစ်ခတ်မှု မပြုလုပ်ခင် 911 ကို ဖုန်းဆက် အကြောင်းကြားခဲ့သေးတယ်လို့ ဆိုပါတယ်။ သူဟာ ရိုင်ဖယ်နဲ့ ပစ္စတို သေနတ်တွေ နိုက်ကလပ်ထဲကို ယူဆောင်လာကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သလို ရဲတွေက ပြန်လည် ပစ်ခတ်ခဲ့လို့ သူလည်း သေဆုံးသွားခဲ့ပါတယ်။ သူဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ သူ့ရဲ့ ဇနီးဟောင်း Sitora Yusufiy ကပြောပါတယ်။ အဲဒီပစ်ခတ်မှုမှာ သေဆုံးခဲ့ကြသူတွေအတွက် LGBT အဖွဲ့ဝင်တွေက အမေရိကန်အိမ်ဖြူတော်ရဲ့ အပြင်ဖက်မှာ ဖယောင်းတိုင်ထွန်း ဆုတောင်းမှု ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)