မျက်မှောက်ရေးရာ သုံးသပ်စရာ (ဖားကန့်အရေး)

0
406

ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၉:၃၅ အချိန် နိုင်ငံ ရုပ်/သံဌာန MRTV ကနေ အစိုးရသစ် ရက် ၁၀၀ အထူး အစီအစဉ်အနေနဲ့ MRTV နဲ့ MCN TV News တို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ မျက်မှောက်ရေးရာ သုံးသပ်စရာ (အပတ်စဉ် သတင်းသုံးသပ်ချက် အစီအစဉ်) စတင် ထုတ်လွှင့်ပေးတော့မှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးရင်း ဝေဖန်အကြံပြုပေးကြဖို့ သတင်းကောင်းပါး အပ်ပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ည ၉:၃၅ အချိန်နဲ့ အင်္ဂါနေ့ မနက် ၁၁:၃၅ အချိန်တွေမှာ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အဖြေမရှိတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတွေကို ဥပဒေမဲ့ အလွန်အကျွံထုတ်ယူမှုတွေ၊ ဥပဒေစိုးမိုးရေး ကင်းမဲ့နေမှုတွေ စည်းကမ်းမဲ မြေစာစွန့်ပစ်မှုတွေကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးနေရမှုတွေကို အစိုးရ၊ လွှတ်တော်နဲ့ ပြည်နယ်အစိုးရတွေက ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စရပ်တွေကို ဖားကန့်အခြေစိုက် သတင်းထောက် ကိုဇော်မိုးထက်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ် အခြေစိုက် သဘာဝအရင်းအမြစ်အုပ်ချုပ်စီမံရေးဌာန Natural Resource Governance Institute (NRGI) က ဦးမော်ထွန်းအောင်တို့ပါ ပါဝင်ဆွေးနွေးပေးထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)