စင်ကာပူရောက်မြန်မာတွေ မြန်မာနိုင်ငံက ရေရှားတဲ့အရပ်တွေမှာ ရေတွင်းရေကန် ဆောက်လုပ်ဖို့ငွေလှူဒါန်း

0
272

စင်္ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကနေ မြန်မာနိုင်ငံက ရေရှားပါးနေတဲ့အရပ်ဒေသတွေ အတွက် ရေတွင်းရေကန် ဆောက်လုပ်ဖို့ မြန်မာငွေ ကျပ်သိန်း (၅၀) လှူဒါန်းခဲ့ပါတယ်။

စင်္ကာပူနိုင်ငံက Tube Well Sponsor Group (TWSG) လို့ခေါ်တဲ့ ဒီအဖွဲ့ဟာ အဖွဲ့ဝင် ၅၄ ယောက်နဲ့ မြန်မာနိုင်ငံတွင်းက ရေရှားပါးတဲ့ အရပ်ဒေသတွေမှာ ရေတွင်း ၊ အ၀ီဇီတွင်းနဲ့ ရေကန်တွေ တူးဖော်ပေးနိုင်ဖို့ အလှုငွေတွေ စုဆောင်းနေတာဖြစ်ပါတယ်။ မေခ ၁ ရက်နေ့ကစတင်ကာ နေ့စဉ်နေ့တိုင်း စင်္ကာပူနိုင်ငံ ပင်နီဆူလား ပလာဇာ သုံးလွာမှာရှိတဲ့ ရဲရင့်လဖ္ဘက်ရည်ဆိုင်ဘေးမှာ စားပွဲခင်းပြီး အလှုငွေတွေကောက်ခံရင်းနဲ့ လက်ဆောင်တွေ ပြန်ပေးတဲ့ အစီအစဉ်တွေပြုလုပ်ခဲ့ပါတယ်။။ တနင်္လာနေ့ကနေ သောကြာအထိ ညနေပိုင်းတွေမှာ ဖွင့်ပြီး စနေ တနင်္ဂနွေမှာတော့ တစ်နေလုံး ကောက်ခံပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့မှာဆိုရင်တော့ (၁၀) ရက်အတွင်း ကောက်ခံရရှိတဲ့ အလှူငွေ ကျပ်သိန်း (၅၀) ကို ၈၈ ကျောင်းသားမျိုးဆက် ၊ ပွင့်လင်းလူ့အဖွဲ့အစည်းကို ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီး နောက်ထပ်အလှူငွေတွေကို သုံးလစီမံချက်နဲ့ ဆက်လက်စုဆောင်းနေဆဲဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)