အီးယူက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ယူရိုသန်း တစ်ထောင် အကူအညီပေးဖို့ လျာထား

0
301

ဥရောပသမဂ္ဂ(အီးယူ)ကနေ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီတွေ ပေးဖို့ ယူရိုသန်းတစ်ထောင် ပေးအပ်သွားဖို့ လျာထားတယ်လို့ အစိုးရပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလို ထောက်ပံ့ကူညီရာမှာ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ အစာအာဟာရဖူလုံရေး၊ ပညာရေး၊ အုပ်ချုပ်ပုံစနစ်၊ တရားဥပဒေစိုးမိုးရေး နိုင်ငံတော်အဆင့် စွမ်းရည်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု စတာတွေအတွက် ကူညီသွားမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ(အီးယူ)ဟာ မြန်မာနိုင်ငံကို နှစ်စဉ် ပေါင်သန်း ၁ဝဝ (အမေရိကန်ဒေါ်လာ သန်း ၁၁ဝ) ထောက်ပံ့ပေးလျက်ရှိတယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)