ရန်ကုန်မြို့ဆေးရုံကြီးအနီး ပုဂ္ဂလိကဆေးရုံမြေနေရာဌားရမ်းထားတာကို ပြန်လည်ရုပ်သိမ်း

0
342

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီးမှ ပွင့်လင်းမြင်သာမူမရှိသလို အများပြည်သူအကျိုးသက်ရောက်မူမရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံ တည်ဆောက်ဖို့ မြေနေရာဌားရမ်းပေးခြင်းကို ရုပ်သိမ်းပေးဖို့အဆိုကို ပြီးခဲ့တဲ့ မေလ၄ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဒေါက်တာစံရွှေဝင်းက တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုကို   ဒီကနေ့ မေလ (၁၂)ရက်နေ့မှာ ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်က ရုပ်သိမ်းဖို့ အတည်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်တဲ့လူနာပမာဏနဲ့ ကုတင်အရေအတွက်ဟာ လုံလောက်မှုမရှိတာကြောင့် ပြည်သူ့ဆေးရုံကြီးတစ်ခု ထပ်မံတည်ဆောက်ဖို့လိုအပ်နေကြောင်းနဲ့ တက်ရောက်ကုသတဲ့လူနာတွေဟာ နေရာကျဉ်းကြပ်ပြီး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေါက်တာလင်းလင်းကျော်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

၂၀၁၂ခုနှစ်ခုနစ်ကနေ ၂၀၁၆ ခုနှစ်အထိ လူနာဦးရေဟာ အဆမတန်မြင့်တတ်လာတာကြောင့် ရန်ကုန်ဆေးရုံကြီးရဲ့ လက်ရှိကုတင်အရေအတွက်ဟာ ၁၇၅၀သာ ရှိတာဖြစ်ပါတယ်။ ဆေးရုံတက်တဲ့လူနာအရေအတွက်ဟာ အရင်က နှစ်သောင်းခွဲခန့်ရှိပြီး အခုလူနာပေါင်း၆သောင်းကျော်ထိတိုးမြင့်လာတာတွေကိုတွေ့ရတယ်လို့ ဒေါက်တာလင်းလင်းကျော်က ပြောပါတယ်။ ဒါ့ကြောင့်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ လိုအပ်တဲ့ လူနာဆောင်တွေ တိုးချဲ့ဆောက်လုပ်သင့်တာဖြစ်ပါတယ်။

ဆေးကျောင်းသားတွေ သူနာပြုတွေ ဆရာဝန်လောင်းတွေအတွက် အနီးကပ်လေ့လာခွင့်ရဖို့ အနီးအနားမှာ သင်ကြားရေးဆေးရုံတစ်ခုလိုအပ်နေတာဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံ တည်ဆောက်မယ်ဆိုပါက လေ့လာဖို့ဆိုအတွက် အခက်အခဲရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းအတည်ပြုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိကဆေးရုံတည်ဆောက်ဖို့ရုပ်သိမ်းတဲ့ အဆိုအပေါ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းရဲ့သဘောထားကိုလည်းအခုလိုမေးမြန်းခဲ့ပါတယ်။

ပုဂ္ဂလိကဆေးရုံတည်ဆောက်ဖိှု့ ငှားရမ်းခဲ့တဲ့မြေဟာ ရန်ကုန်ဆေးရုံကြီးအနီး သူနာပြုတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေလည်းဖြစ်ပါတယ်၊ ၄ဒသမ၃ဧကကျယ်ဝန်းတဲ့ အဲဒီ မြေနေရာကို တစ်စတုရန်းမီတာကို တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ၁၈ဒေါ်လာနဲ့ ပုဂ္ဂလိကကို ငှားရမ်းခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)