သြစတြေးလျမြောက်ပိုင်းမှာ ရှုခင်းကြည့်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွား

0
322

သြစတြေးလျမြောက်ပိုင်း Queenland ပြည်နယ်က ပင်လယ်ကမ်းခြေမှာ ခရီးသည် ၄၂ ဦးနဲ့ ၀န်ထမ်း ၄ ဦးကို တင်ဆောင်လာတဲ့ ရှုခင်းကြည့် နှစ်စင်းတွဲ သင်္ဘောတစင်း မေလ ၁၁ ရက်နေ့က စက်ချို့ယွင်း မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

13219988_843608422410818_715159651_n

၁၇၇၀ မြို့က Spirit of 1770 ခရီးသွားအဖွဲ့ပိုင် သင်္ဘောဖြစ်ပြီး စက်ခန်းကနေ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မီးလောင်ကျွမ်းသွားခဲ့တာလို့ ခရီးသည်တွေကပြောပါတယ်။ ဘေးလွတ်ရာကို ထွက်ပြေးဖို့ ပင်လယ်ထဲကို ခုန်ဆင်းခဲ့ကြတဲ့ ခရီးသည်တွေနဲ့ စက်အဖွဲ့သားတွေထဲက တချို့ဟာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းတာကြောင့် ဆေးရုံးမှာ ဆေးကုသမှုခံယူခဲ့ကြပါတယ်။ သက်ကြီးပိုင်း တရုတ်ခရီးသွားတွေအများဆုံးပါဝင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသူမရှိသလို ခရီးသည်အားလုံးကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဘေးလွတ်ရာကို ကယ်ဆယ်နိုင်ခဲ့ကြတာပါ။ ၂၃ မီတာရှည်တဲ့ အဲဒီနှစ်စင်းတွဲ သင်္ဘောဟာ ပင်လယ်ထဲကို နှစ်မြုပ်သွားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)