မဘသဖျက်ရမယ်ဆိုတာအဓိပ္ပါယ်မရှိဘူးလို့ ဒေါ်ခင်ဝိုင်းကြည်က ပြော

0
376

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့  (မဘသ)ဆိုတာနိုင်ငံတော် မဟာသံဃနာယက(မဟန)အဖွဲ့နဲ့ စင်ပြိုင်ထောင်ထားတဲ့ သံဃအဖွဲ့အစည်းမဟုတ်ကြောင်းနဲ့ (မဟန) ရှိနေလို့ မဘသဖျက်ရမယ်ဆိုတာအဓိပ္ပါယ်မရှိဘူးလို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ကရန်ကုန်မြို့ အင်းစိန်ရွှာမပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်တဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မဘသ အစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမဘသမရှိသင့်ဘူးလို့ပြောဆိုခဲ့တယ်ပေါ် MCN သတင်းဌာနရဲ့ မေးမြန်းမှုကို ဒေါ်ခင်ဝိုင်းကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၅ ခုနှစ်ကမျိုးစောင့်ဥပဒေရေးဆွဲဖို့ လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပြီးမေလ ၁၄ ရက်နေ့ကအမျိုးသားလွှတ်တော်ကအတည်ပြုတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)