ကျား၊မရေးရာခွဲခြားဆက်ဆံမှုတွေပပျောက်ရန် အစိုးရရဲ့လုပ်ဆောင်ချက်များ စောင့်ကြည့်သွားမည်ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများပြော

0
364

CEDAW ပါ အချက်အလက်တွေအပေါ် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းကို MCN သတင်းထောက်အေးမြတ်က သတင်းပေးပို့ထားပါတယ်။

အမျိုးသမီးတွေအပေါ် ကျား၊ မရေးရာခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့အတွက် CEDAW ပါ အချက်အလက်တွေအပေါ် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ၊ မီကာဆာဟိုတယ်မှာကျင်းပတဲ့ CEDAW ညီလာခံသို့တင်သွင်းခဲ့တဲ့ CEDAW NGO Report နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက အခုလိုပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲု့သုံးကြိမ်မြောက်သွားရောက်တင်သွင်းခဲ့တဲ့ CEDAW Report နဲ့ပတ်သက်ပြီး အနှစ်ချုပ်ထုတ်ပြန်ချက်ဟာ လာမယ့်တစ်ပတ်တွင်းမှာ ထွက်ရှိမှာဖြစ်သလို အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာပါ။

အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းနဲ့ချူပ်ဆိုထားတဲ့ သဘောတူစာချုပ် အစီရင်ခံစာကို ဒီနှစ်မှာတော့ အစိုးရဘက်တင်မဟုတ်ဘဲ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကပါ အစီရင်ခံစားတင်သွင်းခွင့်ရရှိခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် တရားဥပဒေနည်းလမ်းတွေနဲ့ အခိုင်အမာကာကွယ်ထားခြင်းမရှိတာတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ အမျိုးသမီးပါဝင်မှုလျော့နည်းနေတာတွေ၊ ကျား၊ မရေးရာတန်းတူညီမျှမှုရရှိစေဖို့အတွက် အစိုးရကိုယ်စားလှယ်တွေနဲ့ အတူ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ စင်ပြိုင်အစီရင်ခံစာတင်သွင်းခဲ့တာပါဟု ဒေါ်မေစပယ်ဖြူ(ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ)မှပြောကြားခဲ့ပါတယ်။

(၄၆)ကြိမ်မြောက် စီဒေါညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ပြည်တွင်းက အမျိုးသမီးလူမှုအဖွဲ့အစည်းတွေနဲ့ ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတွေက ပထမအကြိမ်အဖြစ် အစိုးရနဲ့ စင်ပြိုင်အစီရင်ခံစာတင်ပြခဲ့တာပါ။
မြန်မာအစိုးရဟာ စီဒေါသဘောတူစာချုပ်ကို ၁၉၉၇ခုနှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့ပြီး ပထမအကြိမ် ၁၉၉၉ ခုနှစ်နဲ့ ဒုတိယအကြိမ် ၂၀၀၇ ခုနှစ်မှာ စီဒေါကော်မတီကို အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်အစီရင်ခံစာကို ပူးတွဲတင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)