ကလေးသူငယ်တွေ စစ်မှုထမ်းဆောင်ရတာတွေ ကာကွယ်ဖို့ ကော်မတီဖွဲ့စည်း

0
368

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းဆောင်နေရတာတွေကနေ ကာကွယ် တားဆီးနိုင်ဖို့ ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်ပါတယ်။

Child-Soldiers-in-Myanmar_opt-702x336

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်တဲ့ အဲ့ဒီကော်မတီကို မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မတီမှာ ကာကွယ်ရေးဝန်ကြီးနဲ့အတူ စစ်ဥပဒေချုပ်အပါအ၀င် အဖွဲ့ဝင်ပေါင်း (၁၂) ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ တပ်မတော်က စစ်သားစုဆောင်းရာမှာ စည်းကမ်းနဲ့ ညီအောင် ကြပ်မတ်ရေးနဲ့ စုဆောင်းရရှိလာတဲ့ တပ်သားသစ်တွေကိုလည်း ရွေးချယ်ရေးဘုတ်အဖွဲ့က လာရောက် ရွေးချယ်တာတွေကို ကြပ်မတ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။
ဒါအပြင် စစ်မှုထမ်းလိုတဲ့အတွက် ရောက်လာတဲ့ လူငယ်တွေကို စည်းမျဉ်းနဲ့ မကိုက်ညီရင် လက်မခံဖို့၊ အသက် ၁၈ မပြည့်သေးတဲ့သူတွေနဲ့ စစ်မှုထမ်းဖို့ ဆန္ဒမရှိသူတွေကို မိဘတွေဆီ ပြန်လည်ပို့ဆောင်ဖို့တွေကို အဓိက ဆောင်ရွက်ဖို့ ကော်မတီရဲ့  လုပ်ငန်းတာဝန်တွေမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)