အခြေခံဥပဒေကိုဆန့်ကျင်ရေးသားသူ ထိုင်း ရှစ်ဦး ပြန်လည်လွတ်မြောက်လာ

0
299

ထိုင်းနိုင်ငံရဲ့ စစ်အစိုးရဲ့ အုပ်ချုပ်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပုန်ကန်ရေးသားခဲ့တာကြောင့် ဧပြီလ 27 ရက်နေ့က ဖမ်းဆီးခဲ့သူ 8 ဦးကို မေလ 10 ရက်နေ့က ပြန်လွတ်လိုက်တာပါ။

thailand_facebook_5_9_2016

ထောင်ကနေ ပြန်လွတ်လာတဲ့ သူတို့ကို ၀န်းရံသူတွေက ပန်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ သူတို့ ရှစ်ဦးကို ပြန်လွတ်ပေးဖို့ ဒဏ်ငွေ ဘတ် 2 သိန်း ပေးခဲ့ရတယ်လို့ သူတို့အဖွဲ့ရဲ့ ရှေ့နေက ပြောပါတယ်။ အဲဒီ ရှစ်ဦးထဲက နှစ်ဦးဟာ ထိုင်းတော်ဝင်မိသားစုကို အသေရေဖျက်မှု ဥပဒေ နဲ့ တရားစွဲဆိုခံထားရပြီး အဲဒီအမှုနဲ့တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ တော်ဝင်မိသားစုကို အသရေဖျက်မှု ဥပဒေ အပိုဒ် 112 ပါ ပြဌာန်းချက်မှာ ဘုရင် မိဘုရား ထီးနန်းဆက်ခံသူ ဘုရင့်ကိုယ်စားအုပ်ချုပ်သူ စတဲ့ တော်ဝင်မိသားစုဝင်တွေကို ခြိမ်းခြောက် စော်ကား အသေရေဖျက်တဲ့ သူ မည်သူမဆို ထောင်ဒဏ် 15 နှစ် ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။ သူတို့ရဲ့ ရုံတင်စစ်ဆေးမှုကို ဘယ်အချိန်စတင်မလဲဆိုတာတော့ မသိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)