ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ ခေါ်နေတာနဲ့ပတ်သက်ပြီး အစိုးရက တရားဝင်ဖြေရှင်းပေးရန် မန္တလေးမှာဆန္ဒပြမယ်

0
354

မြန်မာနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးမျာ မပါတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးစွဲနေတဲ့အပေါ် အစိုးရအနေနနဲ့ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ပြတ်ပြတ်သားသားဖြေရှင်းပေးသွားဖို့ မန္တလေးမှာ ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်နေ့က အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဆိုသော စကားလုံးသုံးစွဲမှုကို ဆန့်ကျင်ဆန္ဒပြနေကြစဉ်
၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်နေ့က အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဆိုသော စကားလုံးသုံးစွဲမှုကို ဆန့်ကျင်ဆန္ဒပြနေကြစဉ်

အဲဒီဆန္ဒပြပွဲကို ၀ံသာနုရက္ခိတစနေလူငယ်များအသင်းက ဦးဆောင်ပြုလုပ်မှာဖြစ်ပြီး လူအင်အား ၅၀၀ ခန့်ပါဝင် ဆန္ဒပြမယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲကို မေလ ၁၃ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ စီတန်းလှည့်လည်တာတွေ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတာတွေ၊ ဟောပြောတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)