ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာမှာလို ရေပေါ်တက်စီတွေ ပြေးဆွဲဖို့ လိုအပ်

0
351

ရန်ကုန်မြို့မှာ နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာမှာလို ရေပေါ်တက်စီတွေ ပြေးဆွဲဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

ဇူလိုင်လ(၁၀)ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာပြုလုပ်တဲ့ “ယာဉ်တိုင်းထွာမှု အင်ဂျင်နီယာနှင့် မြို့ပြမြေယာစီမံကိန်းရေးဆွဲခြင်းဗဟုသုတဖလှယ်တဲ့ဆွေးနွေးပွဲ အပြီးမှာ ဦးအောင်မြင့်က အခုလိုပြောဆိုခဲ့တာပါ။

ဒါ့ပြင် ပလက်ဖောင်းဈေးသည်တွေရဲ့ စည်းကမ်းမဲ့ ဈေးရောင်းချနေမှုတွေအပြင် ယာဉ်မောင်းတွေ၊ လမ်းသွားလမ်းလာတွေရဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာမှုအားနည်းတာတွေ ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာပါ။

ရေပေါ်တက်စီပြေးဆွဲနိုင်ပါက အများပြည်သူတွေအတွက် သယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကားတွေထက် ကုန်ကျစရိတ်ပိုသက်သာမှာ ဖြစ်တယ်လို့လည်း Sun United Company ဒါရိုက်တာ ဦးစိုးသိမ်းကပြောပါတယ်။

မြန်မာနိုင်ငံမှာယာဉ်ကြောပိတ်ဆို့မှု ပြသနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အရင်အစိုးရလက်ထက်က ဘလောက်တုန်းတွေချပြီးဆောင်ရွက်ခဲ့ပေမယ့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီပြသနာတွေဖြေရှင်းနိုင်ဖို့ အစိုးရအနေနဲ့ ဒီဂျစ်တယ်မီးပွိုင့်ထိမ်းချုပ်မှုစနစ်တွေကို အကောင်ထည်ဖော် ဆောင်ရွက်နေတာပါ။
ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာစည်ပင်ဝန်ထမ်း ကြို့ပို့ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေတာဖြစ်ပြီး စည်ပင်သာယာရေးကော်မတီရုံးကို လည်းနေရာပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)