အသားဈေးတွေ ကြီးမြင့်လာတာကြောင့် အသားစားသုံးသူများ လျော့နည်းလာ

0
326

အမဲသား၊ဆိတ်သား၊၀က်သားဈေးနှုန်းများပြားလာသောကြောင့် ပြည်မြို့တွင် ဈေးဝယ်စားသုံးသူများ လျော့နည်းလာခဲ့ပါတယ်။ဒီသတင်းကို MCNသတင်းထောက် မောင်ပန်ကာ
မှရိုက်ကူးပေးပို့ထားပြီး ချစ်လင်းဦး တင်ဆက်ပေးထားပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာရှိတဲ့ ဈေးတွေမှာ အမဲသား ဆိတ်သား ဝက်သားဈေးတွေ တက်လာတာကြောင့် ဈေးဝယ်သူတွေဟာ အရင်ကထက် လျော့ချ ၀ယ်ယူစားသောက်နေရတယ်လို့ ပြည်မြို့ ဒေသခံတွေက ပြောပါတယ်။ ပြည်မြို့အတွင်းက ဈေးကြီးနဲ့ ဈေးလေးတွေမှာ နေ့စဉ်ဈေးဝယ်ယူတွေအနေနဲ့ အမဲသားတစ်ပိဿာကို ၁၃၀၀၀ိ-ကျပ်ခန့်၊ ၀က်သားတစ်ပိဿာကို ၉၀၀၀ိ-ကျပ်ခန့်နဲ့ ဆိတ်သားတစ်ပိဿာအား ၁၅၀၀၀ိ-ကျပ်ခန့်အထိ ၀ယ်ယူနေရတာဖြစ်ပါတယ်။

ပြည်မြို့ပေါ်မှာရှိတဲ့ ပြည်ဈေးကြီး၊ အောင်မင်္ဂလာဈေး၊ ကသည်းဈေး၊ ကိုးသောင်းဈေး၊ မြို့သစ်ဈေးစတဲ့ ဈေး တွေမှာ အမဲသားရောင်းချတဲ့ ဆိုင်၁၂-ဆိုင်၊ ဆိတ်သားရောင်းချတဲ့ ဆိုင်၁၁-ဆိုင်နဲ့ ၀က်သားရောင်းချတဲ့ဆိုင် ၁၀-ဆိုင်လောက်ရှိပါတယ်။ အခုလို အသားဈေးတွေ တက်လာတာကြောင့် ရောင်းချတဲ့ ဈေးသည်တွေအတွက် အရင်ကထက် ရောင်းအားကျဆင်းသွားပြီး အစားသုံးသူတွေအတွက်လည်း အခက်ခဲတွေဖြစ်နေတာပါ။

ပြည်မြို့နယ် မြို့နယ်စည်ပင်သာယာရေးက အရင်က ၀က်သား၊ဆိတ်သား၊အမဲသားတွေကို တစ်ဦးတစ်ယောက်ကိုသာ လေလံစနစ်နဲ့ ချပေးခဲ့ပြီး အခုနောက်ပိုင်းမှာ အများစုကို လေလံကြမ်းခင်းဈေးနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြည်မြို့နယ်စည်ပင်သာယာရေးရုံးက ပြောပါတယ်ခင်ဗျာ/ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)