မန္တလေးရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

0
346

မန္တလေးမြို့မှာ မြန်မာ့နေပြည်တော် ရတနာပုံမန္တလေး ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းရေး ဆွေနွေးပွဲကို ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မန္တလေး MCN သတင်းထောက် မင်းမင်းလတ်က ရိုက်ကူးထားပြီး MCN သတင်းထောက် ဒေးနိုင်က တင်ဆက်ပေးထားပါတယ်။

မြန်မာ့နေပြည်တော် ရတနာပုံမန္တလေး ယဉ်ကျေးမှုအမွေ ထိန်းသိမ်းရေး အလုပ်ရုံဆွေနွေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရွှေပြည်သာဟိုတယ် ရတနာခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေနွေးပွဲမှာ မန္တလေး ရွှေနန်တော် ဦးပိန်တံတား ရွှေကျောင်း မန္တလေးဈေးချို စတဲ့ မန္တလေးယဉ်ကျေးမှုအမွေနှစ်နေရာတွေနဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါဖြစ်နေတဲ့ ပန်း ၁၀ မျိုးအနုပညာ၊ ရုပ်သေးပညာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

မန္တလေးမှာ ကျန်ရှိနေတဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့နဲ့ ရှေးဟောင်းအနုပညာယဉ်ကျေးမှုအမွေနှစ်တွေ ထိန်းသိမ်းနိုင်ဖို့အတွက် မန္တလေးကို ချစ်မြတ်နိုးသူတွေနဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကနေ မန္တလေးတိုင်း စစ်ကိုင်းတိုင်း မကွေးတိုင်းမှာရှိနေတဲ့ ယဉ်ကျေးမှု အမွေနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ တပ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။

မန္တလေးမြို့က ယဉ်ကျေးမှုအမွေနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အနုပညာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ အနုပညာရှင်တွေ စုစည်းပြီး မန္တလေးဂုဏ်ရည် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပြခဲ့ခြင်းဖြစ်ပါတယ် ..။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)