တိုက်ကြီးကနေ အင်းစိန်ကို RBE ရထားတွေ ပြေးဆွဲပေးတော့မယ်

0
322

ဇူလိုင် ၂၁ ရက်နေ့ကစပြီး တိုက်ကြီးကနေ အင်းစိန် ကို RBE ရထားတွေ ပြေးဆွဲပေးတော့မယ်လို့ တိုင်းအမှတ်(၇) ရန်ကုန် က အထွေထွေမန်နေဂျာ ဦးကျော်စိုးလင်း က ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ MCN သတင်းထောက် နေမင်းခ က ပေးပို့ထားပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှာ တိုက်ကြီးကနေ အင်းစိန်ကို ပြေးဆွဲပေးတော့မဲ့ RBE ရထားတွဲတွေဟာ ကြားဘူတာတွေမှာလည်း ရပ်ပေး သွားမှာဖြစ်ပြီးတော ရထားစီးနှင်းခတွေကိုလည်း ကားခတွေထက် သက်သာအောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။

အဲ့ဒီ ရထားတွဲဟာ တိုက်ကြီး ကနေ မနက် ၆နာရီ ၄၅ မိနစ်မှာ စတင်ထွက်ခွာမှာဖြစ်ပြီးတော့ အင်းစိန်ဘူတာကို မနက် ၈နာရီ ၃၅ မီနစ် မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ နေ့စဉ် အသွားအပြန် နှစ်ကြောင်းပြေးဆွဲပေးမှာ ဖြစ်ပြီးတော့ ညနေ ၅ နာရီခွဲမှာ အင်းစိန် ကနေ တိုက်ကြီးကို ပြန်လည်ပြေးဆွဲပေးသွားမှာပါ။

တိုက်ကြီးကနေ အင်းစိန် ကို ပြေးဆွဲမဲ့ အဲ့ဒီ ခရီးစဉ်ဟာ ကြာမြင့်ချိန် ၂ နာရီခန့်ကြာမြင့်မှာဖြစ်ပြီး ခရီးသည် သုံးရာကျော်လိုက် ပါစီးနှင်းနိုင်မှာပါ။ အဲ့ဒီ ခရီးစဉ်ဟာ ခေါက်တိုခရီးစဉ်ဖြစ်တဲ့အတွက် ကုန်စည်တွေကိုတော့ တင်ဆောင်ခွင့်ပေးမှာ မဟုတ်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)