ညွှန်ချုပ်တွေက နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့် အလွယ်တကူမပေးဖို့ အမြဲတမ်းအတွင်းဝန် သတိပေး

0
354

ညွှန်ကြားရေးမှူးချုပ်တွေက နိုင်ငံခြားသားအလုပ်သမားတွေရဲ့အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို အလွယ်တကူထုတ်ပေးခွင့်မရှိဘူးလို့အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောဆိုလိုက်ပါတယ်။

ဒီသတင်းကိုတော့ MCN သတင်းထောက် ကေသွယ် ကပေးပို့ထားပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေရဲ့အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ပက်သတ်ပြီး ပြသာနာတွေရှိနိုင်တာဖြစ်လို့ မှတ်ပုံတင်အရာရှိချုပ် တွေအနေနဲ့ လုပ်ပိုင်ခွင့်အပြည့်အ၀မရှိဘဲနိုင်ငံခြားသား ကြီးကြပ်ရေးကော်မတီ အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်သွားရမှဖြစ်ပါတယ်။

ဇူလိုင် ၁၁ရက်နေ့ကရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းမှာရှိတဲ့မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ချုပ်မှာကျင်းပပြုလုပ်တဲ့ နိုင်ငံခြားသား အလုပ်သမားဥပဒေ(မူကြမ်း)မှာ ဆွေးနွေးပွဲမှာ ဦးမျိုးအောင်က အခုလိုပြောကြားခဲ့တာပါ။

နိုင်ငံခြားအလုပ်သမားတွေထံမှအခွန်ငွေရရှိရေးကိစ္စရပ်တွေဥပဒေ(မူကြမ်း)ပါ အချက်အလက် ကိုပြင်ဆင်ဖြည့်စွပ်ခြင်းကိစ္စရပ်တွေ ၊ပြည်တွင်းအလုပ်သမားတွေ ရဲ့ ကျွမ်းကျင်မှုနှင့်နည်းပညာအဆင့်အတန်း တိုးတက်စေရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တာဖြစ်ပါတယ် ။

နိုင်ငံခြားသားဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်ကတည်းကစတင်ရေးဆွဲခဲ့တာဖြစ်ပြီးအဲဒီဥပဒေ(မူကြမ်း)ကို အလုပ်သမားကိုယ်စားလှယ်များနဲ့အပြီးသတ်ဆွေးနွေးပြီးပါကလည်း လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)