ရေကြီးပြီး စိုက်ပျိုးမရတာကြောင့် တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေ

0
397

စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်မြို့မှာရှိတဲ့ စိုက်ပျိုးမြေဧက ထက်ဝက်လောက်ဟာ ပြီးခဲ့တဲ့ နှစ်က ရေကြီးမူဖြစ်စဉ်ကြောင့် စိုက်ပျိုးမရဖြစ်နေပြီး တောင်သူတွေအနေနဲ့ အရင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေတွေ ဆပ်ဖို့ အခက်အခဲတွေဖြစ်နေပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် မတင်မာဆွေ ပေးပို့ထားပြီး အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

ရာဇဂြိုလ်မြို့ဟာ လယ်ယာမြေ ဧက တစ်သောင်းခန့်ရှိပြီး ဧက (၅၀၀၀)ကျော်ဟာ ပြီးခဲ့တဲ့နှစ်က ရေကြီးရေလျှံမှုကြောင့် မျောပါလာတဲ့ သစ်တုံး၊ သစ်ပင်နဲ့ ကျောက်ခဲတွေကြောင့် လယ်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်ကြုံနေတယ်ရပါတယ်။

ရေဘေးကြုံခဲ့ရတဲ့ ရာဇဂြိုလ်မြို့က တောင်သူတွေကို ကလေးမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဌာနကနေပြီး မျိုးစေ့တွေကို နိုင်ငံတော်စရိတ်နဲ့ အခမဲ့ပေးဝေခဲ့ပေမယ့် စိုက်ပျိုးလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတောင်သူတွေရဲ့ အခက်အခဲကို လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမှုံ ရာဇဂြိုလ်မြို့ကို လာရောက်ခဲ့တုန်းက တင်ပြခဲ့ပြီး ၀န်ကြီးက နတ်မြောင်းချောင်းနှင့် မန်လုံချောင်းတို့ကို ရေလမ်းကြောင်းဖော်ပေးပြီး တုံ၊ တိုင်၊ သဲ၊ ကျောက်တွေကို မကြာခင်ဖယ်ပေးမယ်လို့ ပြောဆို ထားပေမယ့် အခုချိန်အထိ့ အကောင်အထည်ဖော်ဆောင်ရွက်တာမရှိဘူးလို့ ပြောပါတယ်။
အခုလို လက်ရှိ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မှီ ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မိုးစိုက်ပျိုးစရိတ်ထုတ်ချေးထားတာကို စိုက်ပျိုးရေးဘဏ်က ပြန်လည်ပေးဆပ်ဖို့ သုံးကြိမ်တိတိ ခေါ်ယူသတိပေးထားပါတယ်။ တောင်သူတွေအနေနဲ့ လယ်ယာမြေတွေ စိုက်ပျိုးမရတာကြောင့် ဒီနှစ် ၇ လပိုင်းအကုန်မှာ မဆပ်နိုင်ရင် ဥပဒေအတိုင်း အရေးယူခံရဖို့ရှိနေသလို လယ်ယာမြေတွေကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်ဖို့ မျှော်လင့်နေကြတာဘဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)