၂၁ ရာစု ပင်လုံညီလာခံမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ သဘောထားကို ထည့်သွင်းသွားမယ်

0
353

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့သဘောထားကို ကိုယ်စားပြုထည့်သွင်းသွားဖို့ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားလိုက်ပါတယ်။

Untitled-1

ဒီကနေ့ကျင်းပတဲ့ ရန်ကန်ုမြို့ ငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးပွဲမှာ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ညီလာခံအတွက် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ကိုလည်း တစ်ပြိုင်တည်းကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ လွှတ်တော် တစ်ခုခုကိုကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်တက်ရောက်နိုင်မှာဖြစ်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းဖိုရမ်အနေနဲ့လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ဆွေးနွေးပွဲတွေကို လေးရက်ကြာကျင်းပမှာဖြစ်ပြီးလက်မှတ်ရေးထိုးမထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာချိန်မှာ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်တာတွေကိုလည်း တရားဝင်ဆောင်ရွက်ဖို့ ရှိနေတာပါ။

Photo:U Hla Maung Shwe

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)