အမေရိကန် အဆိုတော် ခရစ္စတီးနား ဂရေမီ ဖျော်ဖြေပွဲအပြီး သေနတ်နဲ့ပစ်သတ်ခံရ

0
299

အသက် ၂၂ နှစ်အရွယ်ရှိ အမေရိကန် အဆိုတော် Christna Grimmie ဟာ သူမရဲ့ ဖျော်ဖြေပွဲအပြီး ပရိသတ်တွေကို အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်အတွင်း သေနတ်ပစ်ခတ်တာခံခဲ့ရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

christina_grimmie_wallpaper_hd_by_3nthusiastic-d4kx8wz

အမေရိကန် NBC ရုပ်သံလှိုင်းရဲ့ သီချင်းပြိုင်ပွဲ အစီစဉ်တစ်ခုဖြစ်တဲ့ The Voice ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Christina Grimmie ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ ကျင်းပတဲ့ ရှိုးပွဲပြီး ပရိသတ်တွေကို လက်မှတ် ထိုးပေးနေစဉ်မှာ လူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်တာခံခဲ့ရပြီး သူ့ကိုလုပ်ကြံသူလည်း သူ့ကိုယ်သူ ပြန်လည် ပစ်ခတ်ပြီး အဆုံး စီရင်သွားတယ်လို့ သိရပါတယ်။

အဲဒီ ဖျော်ဖြေပွဲကို လက်နက်ကိုင်ဆောင်ပြီး ၀င်နိုင်အောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲဆိုတာကို စုံစမ်းနေတယ်လို့ သိရပါတယ်။ Grimmie ဟာ နာမည်ကျော် သီချင်းတွေကို ပြန်လည် သီဆိုပြီး နာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က သူမရဲ့ ပထမဆုံး Ep ဆိုတဲ့ တေးအယ်လ်ဘမ်ထဲက Find Me ဆိုတဲ့ သီချင်း ထွက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီလမှာတော့ Side A သီချင်းကို ထွက်ရှိထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)