ထိုင်းနိုင်ငံဟာ မိခင်ကနေ ကလေးဆီ HIV ပိုးကူးစက်မှုကို ကာကွယ်နိုင်တဲ့ အာရှပထမဆုံး နိုင်ငံအဖြစ် WHO ကြေညာ

0
331

ထိုင်းနိုင်ငံဟာ မိခင်ကနေ ကလေးဆီ HIV ပိုး ကူးစက်ခြင်းမှ ကာကွယ်နိုင်ခဲ့တဲ့ အာရှရဲ့ ပထမဆုံး နိုင်ငံအဖြစ် ဇွန်လ ၇ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာခဲ့ပါတယ်။

160608113730-hiv-antiretroviral-drugs-exlarge-169

ကူးစက်မှုကို ကာကွယ်နိုင်တယ်ဆိုတာဟာ ကူးစက်မှုနှုန်း ကို အနိမ့်ဆုံးအဆင့်အထိ လျော့ကျအောင် ပြုလုပ်တာဖြစ်ပြီး နောက်ထပ် ပြည်သူ့ကျန်းမာရေး ပြဿနာရပ် မဟုတ်တော့ခြင်းကို ဆိုလိုတာပါ။ ၂၀၁၅ ခုနှစ်တုန်းက ကျူးဘားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မိခင်ကနေ ကလေးဆီ HIV ပိုးကူးစက်မှုကို ကာကွယ်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် WHO က သတ်မှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ HIV ရောဂါပိုးနှင့် အတူနေထိုင်သူ ၄သိန်းခွဲခန့်ရှိပြီး အခုတော့ HIV ရောဂါပိုးကနေ AIDS ခုခံအားကျ ကူးစက်ရောဂါထိ အဖြစ်ပွားတော့ဘဲ AIDS ကင်းတဲ့ မျိုးဆက်သစ်ဖြစ်ထွန်းလာမှာဖြစ်တယ်လို့ WHOရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မိခင်ကနေ တစ်ဆင့် ကလေးဆီကို HIV ပိုးကူးစက်ခြင်းကနေ ကာကွယ်ဖို့ ဦးစားပေးလုပ်ငန်း အဖြစ် လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က စတင်ခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးကပြောပါတယ်။ AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲ အစီအစဉ် UNAIDS အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူက ဒါဟာ ၂၀၃၀ ခုနှစ် ကမ္ဘာမှာ AIDS ကူးစက်မှု အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် ထိရောက်ပြီး အရေးကြီးတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်က ရောဂါပိုးကူးစက်ခံရတဲ့ ကလေးငယ် ၁၀၀၀ ခန့်ရှိရာကနေ ၂၀၁၅ ခုနှစ်မှာတော့ ၈၅ ဦးသာ ရှိတော့တာပါ။ HIV ပိုး ပထမဆုံးကူးစက်ခံရတဲ့ အမျိုးသမီး အရေအတွက်ဟာလည်း ၂၀၀၀ ပြည့်နှစ်က တစ်သောင်းခွဲ ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာတာ့ ၁၉၀၀ လောက်ထိ လျော့ကျခဲ့တာပါ။

ဆေးကုသမှု မခံယူတဲ့ HIV ပိုးနဲ့ အတူနေထိုင်တဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် မွေးဖွားချိန် နို့တိုက်ကျွေးစဉ်မှာ ရောဂါပိုးကူးစက် မှုဟာ ၁၅ % ကနေ ၄၅ % ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ARVs ဆေး သောက်သုံးတဲ့ HIV ပိုးနဲ့ အတူနေထိုင်တဲ့ ကိုယ်ဝန်ရှိအမျိုးသမီး ၉၈%ဟာ မိခင်ကနေ ကလေးဆီ HIV ကူးစက်မှုနှုန်းကို ၂ % ထိလျော့ချနိုင်ခဲ့တယ်လို့ ထိုင်းကျန်းမာရေး ၀န်ကြီးဌာနရဲ့ အချက်အလက်တွေ အရသိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)