လူငယ်ရေးရာမူဝါဒတွေ မရှိသေး တာကြောင့် ရေးဆွဲဖို့ ပြင်ဆင်နေ တယ်လို့ ပြည်ထောင်စုဝန်ကြီး ပြော

0
339

လူငယ်ရေးရာမူဝါဒ မရှိသေးတဲ့ နိုင်ငံ ၃၀ ကျော်မှာ မြန်မာပါဝင်နေတဲ့အတွက် လူငယ်ရေးရာမူဝါဒကို ရေးဆွဲဖို့ ပြုလုပ်နေပြီလို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

13435868_250172685359260_2060588986_n

ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မုံရွာမြို့နယ်မှာစတင်ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးက အဲဒီလို ပြောကြားလိုက်တာပါ။
လူငယ်ရေးရာမှုဝါဒရေးဆွဲဖို့ ကျန်းမာရေးနှင့် အာကစား ဝန်ကြီးဌာန ၊ ပညာရေး ဝန်ကြီး ဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဌာနတို့ ပူးပေါင်းဆောင်ရွက် သွားဖို့ရှိနေပါတယ်။
အဲဒီမူဝါဒတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲက ရွေးချယ်ပေးလိုက်တဲ့ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ဝန်ကြီးကပြောကြားခဲ့ပါတယ်။
ဒီပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်း အပါအဝင် တာဝန်ရှိသူတွေနဲ့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)